International Kanni Foundation

www.kannifoundation.org

main-banner
You are here

International Kanni Foundation

မဂ်မသိလျှင် ဖိုလ်နှင့်မေးနှင့် ကျမ်းပြီးနိဂုံး

“စတ္တာရော ပန မဂ္ဂုပ္ပဒါ ဧကစိတ္တက္ခဏိကာ”ဟူသောစကားအရ မဂ်စိတ်ကျသောကာလကို ဆိုရလျှင် မျက်တောင်တစ်ခတ်ကာလကလေးကို အပုံကုဋေတသိန်းပုံကာလသာရှိသဖြင့် ပြော၍မျှမဖြစ်အောင် နည်းလွန်းလှသည်။ အနုလောမဉာဏ်၏ အဆုံးဖြစ်၍ ယောဂီတစ်ယောက် မဂ်ရသည်မှာ အလွန်နည်းသော ကာလကလေးခန့်သာ ကြာသည်ဟုဆိုသဖြင့် မဂ်ဟုတ်မဟုတ် ဆုံးဖြတ်ဖို့ရန် ခက်ခဲပါသည်။ မဂ်ကျသောကာလသည်။ မိနစ်၊ စက္ကန့်အပိုင်းအခြားအတွင်း ကျသည်မဟုတ်၊ စက္ကန့်ကလေးတစ်ခုမှာ အပိုင်းကုဋေပိုင်းပြီးမှ တစ်ပိုင်းခန့်ကာလသာ ကြာသည်ဟုဆိုရပေမည်။ အလွန်ခက်ခဲ နက်နဲလှ၏။

“ဒွေ တီဏိ ဖလစိတ္တာနိ ဥပ္ပဇ္ဇန္တိ” ဟူသောစကားအရ မဂ်ကုသိုလ်၏ အကျိုးဝိပါက်ဖြစ်သော ဖိုလ်ကလည်း မဂ်၏နောက်မှ တစ်ဆက်တည်းပင် ဉာဏ်နုံ့သော မန္ဒပုဂ္ဂိုလ်မှာ နှစ်ကြိမ်၊ ဉာဏ်ထက်သော တိက္ခပုဂ္ဂိုလ်မှာ သုံးကြိမ်စောပြီး ချုပ်ရပြန်သည်ဟုဆိုသည်။ ယခင် တစ်စက္ကန့်အချိန်၏အပိုင်း ကုဋေတစ်သိန်းထဲတွင် နှစ်ကြိမ်ခန့်၊ သုံးကြိမ်ခန့်ကြာပြီးနောက် ပျက်ရသဖြင့် ဤအခြင်းအရာကိုလည်း သေချာသိဖို့မလွယ်ကူဟု မှတ်ရမည်။ အလွန်နက်နဲလှ၏။

Read more...

ဒုက္ခပဋိပဒါ ဒန္ဓာဘိညမဂ်ဝင်ပုံ

ရုပ်နာမ်တရားတို့၏ ဖြစ်ခြင်းပျက်ခြင်းကို ရှုမှတ်ပွားများအားထုတ်၍ နေရင်းပင်လျှင် တစ်ခါတစ်ခါ အရှိန်ပြင်းထန်လှသော ဗုံးကြီးပေါက်ကွဲတာကို မြင်နေသည်ဟုလည်းကောင်း။ တစ်ခါတစ်ခါ မလှုပ်မယှက် စင်းစင်းနေသည်ဟုလည်းကောင်း။ တလှည့်စီတပြန်စီ အာရုံဖြစ်ပျက် ထင်ဆဲမှာပင် မိမိခန္ဓာကိုယ်အတွင်းမှ ပွက်၍ပွက်၍ မခံသာအောင်လည်း ဖြစ်နေသည်ဟုလည်းကောင်း စသည်ဖြင့် ထင်လာတတ်တော့၏။

တစ်ခါတစ်ခါ အရေကိုခွါပြီး ဆူးခက်များနှင့် ခြစ်နေကြသကဲ့သို့ မနေသာမထိုင်သာ တွန့်လိမ်လာသကဲ့သို့လည်းကောင်း၊ တစ်ခါတစ်ခါ မီးတောက်များနှင့် ရှို့မြိုက်နေသကဲ့သို့ ပြင်းစွာပူလောင်လာသကဲ့သို့လည်းကောင်း၊ တစ်ခါတစ်ခါ အနာကိုဆားပတ်ထားသကဲ့သို့ စပ်ဖျင်းဖျင်းဖြစ်လာသကဲ့သို့လည်းကောင်း၊ တစ်ခါတစ်ခါ ကျောက်ခဲကြီးတွေနှင့် ဖိပြီးဖိသဖြင့် ၀န်လေးပြီး မခံသာအောင် ဖြစ်နေသကဲ့သို့လည်းကောင်း၊ တစ်ခါတစ်ခါ ကြိုးများနှင့်အထပ်ထပ်ပတ်ပြီး ဆွဲချည်တုပ်နှောင်ထားသကဲ့သို့ မလှုပ်သာမယှက်သာ ကြပ်တည်းကျဉ်းမြောင်းပြီး အပေါက်ငယ်တစ်ခုမှ ဆင်ပြောင်ကြီးကိုဆွဲထုတ်နေရသကဲ့သို့လည်းကောင်း၊ အပ်ချောင်းကိုအပြန်ပြန်အလှန်လှန် ထိုးဆွခံနေရသကဲ့သို့လည်းကောင်း၊ တစ်ခါတစ်ခါ ခြေတဖ၀ါးခန့်သာရှိသော တောင်ထိပ်ချောက်ကမ်းပါးမှ မနိုင့်တနိုင် ထမ်းပိုးပြီးသွားနေရသကဲ့သို့လည်းကောင်း၊ တစ်ခါတစ်ခါ အုန်းပင်ဖျားမှ လျှောပြီးကျလုနီးပါးတွယ်ကပ်နေရသကဲ့သို့လည်းကောင်း၊ တစ်ခါတစ်ခါ အသည်းတဖိုဖို ရင်တထိပ်ထိပ် ကိုင်တွယ်စရာမရသော လဟာပြင်ကြီးထဲ နေရသကဲ့သို့လည်းကောင်း ဖြစ်နေတတ်ပါသည်။

ဤကဲ့သို့ သင်္ခါရဒုက္ခများ အရှိန်မပျက် တရစပ်ခံစားနေရသည်ကိုပင် ကြောက်လာသဖြင့် ဆက်ပြီးမရှုရဲသူ၊ အာရုံဖျက်သိမ်းပစ်လိုက်သူ၊ ထပြီးပြန်လာခဲ့ကြသူများကိုလည်း များစွာတွေ့ဖူး၏။ ထိုကဲ့သို့ဖြစ်၍လာခြင်းသည် မဂ်ကျခါနီး ဒုက္ခပဋိပဒါဖြစ်၍ ကောင်းလှပေသည်။ ထိုအဆင့်ကို အောင့်အီးပြီး ကျော်လွှားရှုမှတ်နိုင်လျှင် မဂ်ဆိုက်ပြီး အပါယ်တံခါး ပိတ်ခါနီးပြီဟု မှတ်ရမည်။

ထိုအခြင်းအရာများဖြစ်လာလျှင် မထတမ်း၊ မလျှော့တမ်း ဆက်လက်ကြိုးစားအားထုတ်ဖို့လိုသည်။ ဤနေရာတွင် မဂ်ဖိုလ်နိဗ္ဗာန်သို့ မ၀င်နိုင်သေးသဖြင့် ဒုက္ခမီးများ တိုးပြီးရင်းတိုးပြီး ပြင်းထန်လာလိုက်၊ လျော့ပြီးသွားလိုက်နှင့်၊ အာရုံအတက်အကျဖြစ်နေတတ်ကြကုန်သည်။ ဒိသာကာကဥပမာကဲ့သို့ပင် ဖြစ်ပေသည်။

ထိုကဲ့သို့ ရှုမှတ်ပွားများနေရင်း ၀င်းခနဲ လက်ခနဲ သြက္ကမဓာတ်တော်ကြီး သက်ရောက်လိုက်သည်နှင့် တပြိုင်နက် ခံစားနေရသော ဆင်းရဲဒုက္ခများပြီးဆုံးပြီး ချမ်းသာမှုကို ရရှိနိုင်လေတော့သည်။

ဤဆိုအပ်ပြီသည်ကား ဒုက္ခပဋိပဒါ ဒန္ဓဘိညဖြင့် မဂ်ဝင်ပုံဖြစ်ပါသည်။

 

ဆက်လက်ဖော်ပြပါမည်......

 

ကန္နီဖောင်ဒေးရှင်းဆရာတော် ဒေါက်တာဇနိတ၏ သြစတေးလျ သာသနာပြု ပုံရိပ်များ

Read more...

သုခပဋိပဒါ ခိပ္ပါဘိညမဂ်ဝင်ပုံ

ရုပ်နာမ်တို့၏ တသဲသဲတရိပ်ရိပ် တဖွားဖွား ပျက်နေပုံတွေကို “သန္တတိမစပ်၊ တစ်ဖြုတ်ဖြုတ် ချုပ်ပျောက်နေတော့သည်သာ”ဟု ထင်လာမူကား ထိုတဖွားဖွား အပျက်ကိုပင် “အနိစ္စ အနိစ္စမမြဲပါတကား”ဟု အောက်မေ့ဖန် ရှုဖန်များလှသော် ရှုရင်းရှုရင်း ပွားရင်းပွားရင်း ရထားနံဘေး ကားနံဘေးမှ မြေကြီးကို စိုက်ပြီး ကြည့်၍နေရသည့်ပမာ ရိပ်ရိပ်ခြင်း ထပ်ခါ လဟာမရှိ အပြတ်မရှိ အလပ်မရှိ မူးနောက်မတတ် မြန်မြန်ဆန်ဆန်ကြီးထင်၍ လာတော့၏။

ထိုသို့မြန်သည်ထက် ကြမ်းခါကြမ်းခါ မြန်၍လာသောအခါ ယောဂီ၏စိတ်တွေဟာ ဘာကိုမှသတိမရ၊ ထိုအာရုံမှတစ်ပါးတွေးခြင်း တောခြင်း ကြံစည်ခြင်းမရှိ။ ရေစုံမျော၍ နေသည့်ပမာ အာရုံပေါ်မှာသာ အလိုက်သင့်ကလေး မှေးနေသလို ထင်နေလိမ့်မည်။ ဤသည်ကိုပင် သင်္ခါရုပေက္ခာဉာဏ်မှတ်လေ။

Read more...

ဝိဿနာဉာဏ်(၁၀)ပါးနှင့်ယောဂီ (၂)

တစ်ဘ၀နှင့်ပင်ဖြစ်စေ၊ တစ်ကမ္ဘာနှင့်ပင်ဖြစ်စေ၊ ကမ္ဘာရာထောင် တစ်သင်္ချေ နှစ်သင်္ချေ ဆယ့်ခြောက်သင်္ချေ-သင်္ချေရာထောင်နှင့်ပင်ဖြစ်စေ၊ နောက်ဆုံးအရဟတ္တမဂ်ကို ရသည်အထိ ရုပ်နာမ်သင်္ခါရ ဖြစ်ပျက်ရှုရခြင်းမှကင်း၍ တစ်ခြားအကျင့်မရှိတော့ပါ။ အတိုချုံးလိုက်လျှင် ရုပ်နာမ်ဖြစ်ပျက်ကို မြင်ထင်၍နေသော ဉာဏ်၏အဆုံးနားတွင် မဂ်ရှိသည် ဖိုလ်ရှိသည်၊ နိရောဓသစ္စာ အမှန်ရှိပေသည်။ ဖြစ်ပျက်၏ အဆုံးရောက်အောင်၊ တစ်နည်းအားဖြင့် ဖြစ်ပျက်အာရုံမှ ကျော်လွန်သွားအောင် စူးစူးစိုက်စိုက် အားထုတ်ဖို့သာလျှင် ဧကန်ယောဂီတို့၏ အလုပ်ဖြစ်ပါသည်။

ထို့ကြောင့်ပင် “လုဇ္ဇတိ ပလုဇ္ဇတီတိ လောကော။ လောကတော ဥတ္တရံ လောကုတ္တရံ - ဖြစ်တတ်ပျက်တတ်သောကြောင့် လောကမည်၏၊ လောကထက် လွန်မြတ်သောတရားသည် လောကုတ္တရာ”ဟူ၍ ဖွင့်ပြတော်မူကြကုန်သည်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်း “ဧသေ၀ံ ဒုက္ခဿ အန္တော ဒုက္ခဿ အတီတံ အစ္စန္တံ - လောကုတ္တရာဟူသည် ဆင်းရဲဒုက္ခများ၏ အဆုံး၊ ဆင်းရဲဒုက္ခများ၏ လွန်မြောက်ရာ”ဟူ၍ ဟောတော်မူခြင်းဖြစ်ပါသည်။

Read more...

Page 1 of 5

  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  4 
  •  5 
  •  Next 
  •  End 
  • »
Joomlart