၁။ ဒဿနပါရဂူကျမ်း (မောင်းထောင်မြေဇင်းဆရာတော်)

မောင်းထောင်မြေဇင်းဆရာတော် ရေးသားထားသော ဒဿနပါရဂူကျမ်းကြီး ဖြစ်ပါသည်။ ဓမ္မစရိယဦးဋ္ဌေးလှိုင်မှ ထပ်ဆင့်ရေးသားချက်များ ပါဝင်ပါသည်။ ကန္နီဝိပဿနာနည်း အကြောင်းနှင့် တိတိကျကျ အားထုတ်ရန် နည်းလမ်းများကို အသေးစိပ် တင်ပြထားသော စာအုပ်ကောင်း ဖြစ်ပါသည်။
၂။ မောင်းထောင်မြေဇင်းဆရာတော်၏ သြ၀ါဒကထာများ (အရှင်သောပါက)

မောင်းထောင်မြေဇင်းဆရာတော်၏ သြ၀ါဒကထာများကိုဆရာတော်ကြီး၏ တပည့်ဖြစ်သူ အရှင်သောပါက စုစည်းကာ တင်ပြထားသည့်စာအုပ်ဖြစ်သည်။ ဆရာတော် ဘုရားကြီး၏ (၈၄)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေခြင်းလည်း ဖြစ်ပါသည်။
၃။ စန္ဒကူးမြိုင်(ရဋ္ဌပါလဓမ္မရိပ်သာ) ရက်(၆၀)တရားစခန်းအတွေ့ကြုံများ

စန္ဒကူးမြိုင်(ရဋ္ဌပါလဓမ္မရိပ်သာ) ရက်(၆၀)တရားစခန်း အတွေ့ကြုံများကိုစုစည်းကာ တင်ဆက်ထားပါသည်။ တရားစခန်းဝင်ယောဂီများ၏ သမထ၊ ၀ိပဿနာတရား အတွေ့ကြုံ ဓမ္မရသများလည်း ပါဝင်သည်။ အလင်းနိမိတ်များလွှတ်၍ ဘုရားများဖူးပုံ၊ နတ်ဗြဟ္မာများ နှင့်တွေ့ကြုံရသည်များ ပါဝင်သော စာအုပ်ကောင်း ဖြစ်ပါသည်။
၎။ ကန္နီနည်းသမထ-၀ိပဿနာကျင့်စဉ်ကျမ်း (အရှင်ကေလာသ)

ရန်ကင်းအေးငြိမ်း ၀ိပဿနာ တရားစခန်းကို ကြီးမှုးတော်မူသော အရှင်ကေလာသ၏ ကန္နီ သမထ၊ ၀ိပဿနာရှုနည်း ကျမ်းကြီးဖြစ်သည်။ အရှင်ကေလာသမှာ မောင်းထောင်မြေဇင်း ဆရာတော်၏ တူတော်လည်းဖြစ်သည်။ ကန္နီနည်းနိသယကို တိကျသော ကိုးကားချက်များ နှင့်ရေးသားပြုစု ထားသော စာအုပ်ကောင်းဖြစ်သည်
၅။ ရွာအ၀င်လမ်းနှင့် ဓမ္မရသစာတမ်းများ

ရန်ကင်းအေးငြိမ်း ၀ိပဿနာတရားစခန်း ရက်(၆၀)တရား အတွေ့ကြုံများကို စုစည်းကာ တင်ဆက်ထားပါသည်။ တရားစခန်းဝင် ယောဂီများ၏ သမထ၊ ၀ိပဿနာ တရားအတွေ့ အကြုံ ဓမ္မရသများ လည်းပါဝင်သည်။ အလင်းနိမိတ်များလွှတ်၍ ဘုရားများဖူးပုံ၊ နတ် ဗြဟ္မာများ နှင့်တွေ့ကြုံရသည်များ ပါဝင်သော စာအုပ်ကောင်း ဖြစ်ပါသည်။
၆။ ၀ိဿနာရှုနည်းများ-၂ (ကျော်နန္နအောင်)

ဆရာကျော်နန္ဒအောင်၏ ကျေးဇူးရှင် ဆရာတော်ကြီများ၏ ၀ိပဿနာရှုနည်း အမှတ်(၂)ဖြစ်သည်။ အထူးသဖြင့် ကျေးဇူးရှင် ကန္နီရွှေသိမ်တောရ ဆရာတော်၏ ထေရုပတ္တိနှင့် ၀ိပဿနာကျင့်နည်း အသေးစိပ်ပါဝင်သည်။ ဓမ္မမိတ်ဆွေများ လက်မလွတ်သင့်သော စာအုပ်ကောင်းလည်း ဖြစ်ပါသည်။


