“ဥပစာရဘာဝနာ ရုပ်နာမ်အကြည်ဓာတ်ကို ရှုမှတ်နိုင်သောသမာဓိ၌ ရပ်တည်၍ ရုပ်နာမ်နှစ်ခု ဖြစ်ပျက်မှုကို ရှုမှတ်လျှက် သံသရာဝဋ်ဆင်းရဲမှ ကျော်လွန်ပြီး မဂ်ဖိုလ်သို့ရောက်အောင် အားထုတ်အံ့”ဟူသော မဟာဋီကာစကားရပ်ရှိသည်။ အထက်တွင် ပြဆိုခဲ့သော ၀ိပဿနာအာရုံစိုက်ရာ ဌာနပေါင်းများစွာတို့တွင် ဟဒယနှလုံးသွေးပြင်ကို စူးစိုက်ရှုမှတ်နည်းသည် အကောင်းဆုံးနှင့် အထင်မြင်လွယ်ဆုံးဖြစ်သောနည်း ဖြစ်ပေသည်။ ထိုသို့ရှုမှတ်ရသောနည်းကို သမထယာနိကအားဖြင့် ရှုမှတ်သောသူများသာ အားထုတ်နိုင်သည်။

Last Updated (Friday, 23 April 2010 07:56)

Read more...

 

အထက်တွင်ပြဆိုခဲ့သည့်အတိုင်း အာနာပါန သမထယာနိက၊ အာရဒ္ဓ၀ိပဿက ယောဂီအပေါင်းတို့သည် မိမိရအပ် ၀င်စားခဲ့သော ငြိမ်းစေဘိ သို့မဟုတ် ရုပ်ဥပစာ၊ နာမ်ဥပစာတည်းဟူသော အကြည်တုံး၊ အကြည်ခဲ၊ မှန်ရွဲဖန်ရွဲဟုဆိုအပ်သော ဥပစာရသမာဓိအဆင့်ကို ရခဲ့ပေမည်။ ထိုအကြည်ဓာတ်တည်းဟူသော သမာဓိမှန်ပြောင်းဖြင့် ရုပ်နာမ်အပေါင်းတို့၏ သဘောလက္ခဏာတို့ကို ၀ိပဿနာဉာဏ်မျက်စိဖြင့် ရှုမှတ်လိုက်လျှင် အရှိန်မစဲ၊ တသဲသဲ၊ တဖွဲဖွဲ ဧကန်မမြဲသော ရုပ်ကလာပ်တို့ ဖြစ်ပျက်နေပုံများကို တွေ့လာရပေလိမ့်မည်။

ဤနေရာတွင် သန္ဓိရှုနည်း၊ ပဗ္ဗရှုနည်းနှင့် သြဓိရှုနည်းဟု ၀ိပဿနာဉာဏ်အာရုံလိုက်ရာ ဌာနသုံးမျိုး ရှိပါသည်။ ထိုသုံးမျိုးတို့တွင် ပြဆိုခဲ့ပြီးသော အာလောကသမာဓိအလင်းဖြင့် ခန္ဓာကိုယ်ကြီး၏ ခြေဖျားအရပ်မှ တဖြေးဖြေး ပရမတ်ရုပ်၊ ဓာတ်ရုပ်၊ ကလာပ်ရုပ်တို့၏ သဘောကို တစ်ကိုယ်လုံး အကြားမလပ်စေဘဲ ရုပ်၊ ရုပ်ဟု ရှုမှတ်ရမည်။ မိမိ၏ ၀ိပဿနာအာရုံရောက်ရာ ရောက်ရာ ဌာနတိုင်း ဌာနတိုင်းမှ မီးသတ်ပိုက်လုံးကြီးများနှင့် တဲ့တဲ့ထိုးလိုက်သောအခါ ဖွားခနဲ ဖွားခနဲ လွင့်စဉ်နေသည်ကို တွေ့မြင်ရသကဲ့သို့ ရုပ်ပျက်နေပုံကို တွေ့မြင်ရပေလိမ့်မည်။ ထုံးပုံကြီးကို လေဗွေရမ်းသောအခါ တဖွားဖွား ဖြစ်နေပုံနှင့်လည်း ဥပမာနှိုင်းကြသည်။ ဤနည်းအားဖြင့် ငယ်ထိပ်မှ ခြေဖျား၊ ခြေဖျားမှ ငယ်ထိပ် စပ်မိအောင် ရှုမှတ်ရသောနည်းဖြစ်၍ သန္ဓိရှုနည်းဟု ခေါ်ဆိုရလေသည်။

Last Updated (Friday, 09 April 2010 18:02)

Read more...

 

“သမုဒယဓမ္မာနုပဿီ ၀ါ ကာယသ္မိံ ၀ိဟရတိ၊ ၀ယဓမ္မာနုပဿီ ၀ါ ကာယသ္မိံ ၀ိဟရတိ၊ သမုဒယ၀ယဓမ္မာနုပဿီ ၀ါ ကာယသ္မိံ ၀ိဟရတိ”ဟု မြတ်စွာဘုရား ဟောတော်မူသည်။ အဓိပ္ပာယ်မှာ “ထွက်လေ၀င်လေတို့၏ မှီရာတည်ရာ မိမိ၏ ကိုယ်ကာယ၌ မိမိ၏ ဥပစာရ သမာဓိအာရုံဖြစ်သော အကြည်သဘောဟူသော အာလောကသညာဖြင့် တသဲသဲဖြစ်လာကြသော ၀တ္ထုရုပ်တို့ကိုလည်းကောင်း၊ တစီစီတဖြုတ်ဖြုတ် ချုပ်ပျက်ကြကုန်သော ၀တ္ထုရုပ်တို့ကိုလည်းကောင်း၊ ထိုဥဒယဗ္ဗယ အစွန်းနှစ်ပါးကို ကောင်းစွာထိမိ သိရှိနိုင်သော ဥဒယဗ္ဗယဉာဏ် အခြေခံဖြစ်သော ၀ိပဿနာတရားကို ကိုယ်တွေ့ဒိဋ္ဌ မဂ်ဖိုလ်ရအောင် အားထုတ်ကြကုန်ရာသည်”ဟု အဓိပ္ပာယ်ရပါသည်။

Last Updated (Monday, 05 April 2010 05:13)

Read more...