ရုပ်ပုံနံပါတ် ၅၄-တွင် ပြထားသည့်အတိုင်း ခန္ဓာကိုယ်တစ်ခုလုံး အပျက်ချည်းသာ မြင်ပြီး အပျက်မှတစ်ပါး မည်သည့်အကောင်အထည်မျှ ရှာ၍မတွေ့၊ မည်သည့်ပုံသဏ္ဍာန်ကိုမျှ မမြင်၊ အာရုံ၍မထင်၊ သုဒ္ဓသင်္ခါရပုဉ္ဇ (သက်သက် သင်္ခါရတရား အစုအပုံ)ဟုသာ ၀ိပဿနာအာရုံဖြစ်နေခဲ့လျှင် ဗလ၀၀ိပဿနာ ဆိုက်ရောက်နေသည်ဟု ဆိုနိုင်လေသည်။ ထိုကဲ့သို့ ရှုမှတ်နိုင်သော ယောဂီကို အားရှိသောဝိပဿနာစခန်းသို့ ဆိုက်ရောက်နေသော ယောဂီဟု ဆိုနိုင်ပါသည်။

ခန္ဓာကိုယ် အလယ်ပိုင်း၍သာ အပျက်ထင်ပြီး အစိုင်အခဲ၊ ပုံသဏ္ဍာန်တို့ မပျောက်ပျက်သေးလျှင် (တစ်နည်းအားဖြင့်) ၀ိပဿနာဉာဏ်အာရုံ ရောက်ရာအရပ်တို့၌သာ အပျက်ထင်ပြီး ခန္ဓာကိုယ်ကောင်ကြီး ရှိနေသေးသည်ဟူသော အမှတ်သညာရှိနေသေးလျှင် နုသော ၀ိပဿနာအဆင့်သို့ ရောက်သူ သို့မဟုတ် ၀ိပဿနာဉာဏ်အဆင့်သို့ ရောက်ခါစယောဂီဟု ဆိုနိုင်ပါသည်။

Last Updated (Tuesday, 08 June 2010 19:04)

Read more...

 

အနောက်နိုင်ငံ သိပ္ပံပညာရှင်တို့ တီထွင်ဖန်တီးထားသော လျှပ်စစ်မှန်ဘီလူးတို့ဖြင့် ပါးလွှာလှသောစက္ကူ၏ ထုကလေးကိုပင် အပြန် ၁၅၀-ခန့် တစ်လက်မခန့်ချဲ့၍ ပုံသဏ္ဍာန်ကို ပြနိုင်ကြသည်။ ထို့အတူပင် အရာဝတ္ထုတစ်ခုကို ကြည့်လိုက်လျှင် ပျက်ပျက်ပြီးနေသော တဖွားဖွား တဖွဲဖွဲ အနေအထားကို မြင်နိုင်ကြသည်။ ရွရွရွရွနှင့် ဓာတ်ကလာပ်များ ထထပြီး ဖြစ်ကုန်သည်တို့ကို မြင်နိုင်ကြသည်။

သတ္တ၀ါတစ်ယောက်၏ ခန္ဓာကိုယ်တွင်း၌ အသွေးအသား အရိုးအကြော စသော ထိုထိုကောဋ္ဌာသက ဖြစ်ကုန်ပျက်ကုန်ကြသော တစီစီ တမွမွ တရွရွ ဓာတ်ကလာပ်တွေ တလှုပ်လှုပ် မြင်ကုန်သဖြင့် ခန္ဓာကိုယ်အတွင်း ပိုးကောင်များ အပြည့်ရှိနေသည်ဟု ထင်မြင်လာတတ်ကြပေသည်။

Last Updated (Monday, 03 May 2010 12:21)

Read more...

 

“ဥပစာရဘာဝနာ ရုပ်နာမ်အကြည်ဓာတ်ကို ရှုမှတ်နိုင်သောသမာဓိ၌ ရပ်တည်၍ ရုပ်နာမ်နှစ်ခု ဖြစ်ပျက်မှုကို ရှုမှတ်လျှက် သံသရာဝဋ်ဆင်းရဲမှ ကျော်လွန်ပြီး မဂ်ဖိုလ်သို့ရောက်အောင် အားထုတ်အံ့”ဟူသော မဟာဋီကာစကားရပ်ရှိသည်။ အထက်တွင် ပြဆိုခဲ့သော ၀ိပဿနာအာရုံစိုက်ရာ ဌာနပေါင်းများစွာတို့တွင် ဟဒယနှလုံးသွေးပြင်ကို စူးစိုက်ရှုမှတ်နည်းသည် အကောင်းဆုံးနှင့် အထင်မြင်လွယ်ဆုံးဖြစ်သောနည်း ဖြစ်ပေသည်။ ထိုသို့ရှုမှတ်ရသောနည်းကို သမထယာနိကအားဖြင့် ရှုမှတ်သောသူများသာ အားထုတ်နိုင်သည်။

Last Updated (Friday, 23 April 2010 07:56)

Read more...