|
နိမိတ်စားရပုံ နည်းတစ်နည်းကို ဆက်လက် ပြဆိုပါအုံးမည်။ အလျားကန့်လန့်စားနည်းဟု ခေါ်ပါသည်။ ပြဆိုခဲ့ပြီးသောနည်းမှာ အထက်နှင့်အောက် မုန့်ထောင်းသလို တိုက်ဖျက်ရသောကြောင့် ဒေါင်လိုက်စားနည်းဟု ခေါ်သည်။ အခုစားနည်းမှာ ကန့်လန့်လွှဆွဲသကဲ့သို့သော စားနည်းဖြစ်လေသည်။ ဤမျှသာထူးပါသည်။ အကျိုးသဘောကား အတူတူပင် ဖြစ်ပါသည်။
ဖော်ပြပါ နံပါတ် ၂၇-ပုံသည် ကန့်လန့်နိမိတ်စားရန် နားတစ်ဖက်မှ မှုတ်သောထွက်လေနှင့် နိမိတ်ထုတ်ထားရပုံကို ပြသထားခြင်းဖြစ်ပါသည်။ ထုတ်ပုံမှာ မှုတ်သောလေနှင့် ငါ၏နားတစ်ဖက်မှ အတုတ်လက်ညှိုးခန့်၊ အရှည် ၆-တောင်ခန့် လင်းလင်းနှင့် အဖျားညီညီထုတ်၍ ထားအံ့။ ထိုကဲ့သို့ ထုတ်လိုက်လျှင် ဖန်မီးချောင်းကြီး ခလုတ်ကို ဖွင့်ထားလိုက်သကဲ့သို့ လင်းခနဲ ပေါ်ထွက်လာပေလိမ့်မည်။ ပေါ်သည်ဆိုသော်လည်း ဦးစွာ စိတ်က ညွှတ်၍ ပေါ်ပေးရသည်။ စိတ်မညွှတ်ဘဲ နိမိတ်သက်သက်ကိုသာ အပြေးအပြန်စသည်ဖြင့် နိမိတ်ကစားလျှင် မရနိုင်ဟု အချို့ယောဂီများ ထင်မြင်နေတတ်ကြသည်။ Last Updated (Monday, 18 January 2010 05:21)
အထက်တွင် ဖော်ပြခဲ့ပြီးသော နံပါတ် ၁၈-ပုံအတိုင်း အကျယ်ချဲ့ထားပြီးသော နိမိတ်အလင်းကြီးကို ရှိုက်လေနှင့်ဆွဲ၍ချရပုံကို ပြဆိုခဲ့ပေပြီ။ ယခုတစ်ဖန် ထုတ်လေနှင့် သူ့နေရာအထက်သို့ ပြန်ရောက်အောင် ဆွဲယူရပေဦးမည်။ အောက်ဖော်ပြပါ နံပါတ် ၂၂၊ ၂၃၊ ၂၄-ပုံများသည် မိမိအောက်သို့ရောက်နေသော အလင်းတုံးကြီးကို ထုတ်လေဖြင့် အထက်ပြန်ရောက်အောင် တင်ပို့ရပုံကို ပြထားခြင်းဖြစ်သည်။ ယောဂီ၏စိတ်က အလင်းတုံးကြီး ထုတ်လေနှင့်တစ်ကိုက်တည်း ရိပ်ရိပ်ရိပ်ရိပ်နှင့်တက်လာသည်ကို သိရပေလိမ့်မည်။ ထုတ်လေဆုံးလျှင် ၂၄-ပုံအတိုင်း နိမိတ်အလင်းကြီး မိမိ၏ဦးခေါင်းထိပ်သို့ ပြန်ရောက်လာတော့သည်။ Last Updated (Thursday, 14 January 2010 15:13)
ယောဂီပုဂ္ဂိုလ်သည် မိမိရရှိခဲ့သော အလင်းနိမိတ်ကို ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်နှံ့စေလျှက် ထွက်လေ၊ ၀င်လေကို ဖြစ်စေ၍ အားထုတ်ရခြင်းသည် တတိယအဆင့် အာနာပါနအားထုတ်နည်းပင် ဖြစ်ပါသည်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးကလည်း ဤအဆင့်ကို “လုံးစုံလင်းရာ တ-၌သာ”ဟု မိန့်ဆိုတော်မူခဲ့ခြင်း ဖြစ်ပါသည်။ ဖော်ပြပါ ရုပ်ပုံနံပါတ် ၁၇-ပုံတွင် ပြဆိုထားသည့်အတိုင်း ဗဟိဒ္ဓနည်းဖြင့် နိမိတ်စားရပုံကို ပြဆိုပါမည်။ ဤနည်းဖြင့် ခန္ဓာကိုယ်ကို မိမိရရှိခဲ့ပြီးသော အဿာသပဿာသပဋိဘာဂအလင်းနိမိတ်ဖြင့် ကျေသုံးပျောက်ပျက်ခြင်းဖြစ်အောင် စားရခြင်းသည် ငါးဆင့်မြောက်ဝိပဿနာအားထုတ်ရာတွင် အကျိုးကျေးဇူးအလွန်များသည်။ နိမိတ်စားခြင်းသည် ၀ိပဿနာသို့ဆိုက်အောင် အားထုတ်မည့်ယောဂီအတွက် အလွန်ကို အရေးကြီးပါသည်။ မိမိ၏ခန္ဓာကိုယ်တစ်ခုလုံး သုညတသဘောဆိုက်ကာ ကွယ်ပျောက်သွားသည့်တိုင်အောင် နိမိတ်နှင့်တိုက်ဖျက်ပစ်ခြင်းကို နိမိတ်စားသည်ဟု ဆိုရပါသည်။ ထိုနိမိတ်စားခြင်းမှာလည်း ဒေါင်လိုက်စားနည်း၊ အလျားလိုက်ကန့်လန့်စားနည်းဟု နှစ်မျိုးရှိသည်။ Last Updated (Monday, 11 January 2010 08:42)
|
More Articles...









