|
ခန္ဓာကိုယ်ပြင်ပအားဖြင့် နိမိတ်စားရခြင်း၊ အာရုံနိမိတ်အဆုံးအပိုင်းအခြားမရှိ လွှတ်ရခြင်းဟူသော ဗဟိဒ္ဓသုံးချက်ရှုနည်းများကို သိရှိခဲ့ရပြီးဖြစ်သည်။ ယခုအခါ အဇ္ဈတ္တအတွင်းသက်သက်အားဖြင့် သုံးချက်ရပုံ၊ ပဋိဘာဂနိမိတ်သွင်းထုတ်ရပုံကို ပြဆိုပါဦးမည်။ အထက်တွင်ဖော်ပြထားသော နံပါတ် ၃၅-ပုံသည် ယောဂီ၏နိမိတ်ကို အဇ္ဈတ္တဖြစ်သော မိမိ၏၀မ်းခေါင်းအတွင်းသို့ သွင်းရန်ပြသထားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် အစအလယ်အဆုံးသတ်မှတ်ထားသောလေတို့၏ သက်ချည်တက်ချည်ဖြစ်နေပုံကို ပြသထားခြင်း ဖြစ်ပါသည်။ နံပါတ် ၁၇-တွင်ပြသထားသကဲ့သို့ပင် ဖြစ်သည်။ ဤ၌ ထူးသည်မှာ မှုတ်သောလေနှင့် မိမိ၏ငယ်ထိပ်မှ အတုတ်လက်ညှိုးခန့်၊ အရှည် ၆-တောင်ခန့်မှတ်ပြီး ထုတ်ရမည်။ ပြီးလျှင် အလွန်လင်းအောင် ပြုလုပ်ရမည်။ အကျယ်ချဲ့ပြောရန် လိုတော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရှိုက်သောလေနှင့် ၀မ်းဗိုက်အတွင်းသို့ ရှုသွင်းရန်ဖြစ်သောကြောင့် ဖြစ်ပါသည်။ Last Updated (Sunday, 31 January 2010 14:12)
အထက်တွင် ဖော်ပြထားသော ရုပ်ပုံနံပါတ် ၂၉၊ ၃၀၊ ၃၁-ပုံတို့သည် ရုပ်ပုံနံပါတ် ၂၇၊ ၂၈-ပုံတို့တွင် ထွက်လေနှင့်မှုတ်ထား၊ ချဲ့ကားထားသော တစ်ဘက်နားအပြင်ဘက်ရှိ အလင်းနိမိတ်တုံးကြီးကို ရှုလေ၊ ရှိုက်လေတို့နှင့်ဆွဲယူလိုက်ပြီး ကျန်နားတစ်ဘက်တွင် တည်လာပုံကို ပြဆိုထားခြင်း ဖြစ်ပါသည်။ တစ်ဖန် ထုတ်သောလေနှင့် တစ်ဘက်နား၊ ရှိုက်သောလေနှင့်တစ်ဘက်နားအားဖြင့် ထုတ်ချည်မှုတ်ချည် အပြန်အပြန်အလှန်လှန် တရစပ်ကြိုးစားအားထုတ်ရမည်။ အလင်းနိမိတ်တုံးကြီးသည် လှေများလွန်းထိုးပြေးသွားနေသကဲ့သို့ ပြေးချည်ပြန်ချည် အရောက်တလက်လက်၊ တဖျပ်ဖျပ် တရိပ်ရိပ်၊ ဟိုဘက်ဒီဘက် ကူးသန်းနေပါလိမ့်မည်။ ဥပမာအားဖြင့် ပုခုံးအထက်တွင် ကန့်လန့်ဖြတ် မီးရဲနေသောသံတုံးကြီးနှင့် ဆောင့်နေ တိုက်နေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ တစ်နည်းအားဖြင့် အရောင်လင်းသော တိမ်တိုက်ကြီး တိမ်လုံးကြီး အုပ်ဖုံး၍ အုပ်ဖုံး၍သွားသော လ၀န်းနေ၀န်းကြီးများပမာ မိမိ၏ဦးခေါင်းပေါ်သို့ အလင်းတုံးကြီး အုပ်ဖုံးပြီး ပျောက်၍ပျောက်၍ နေရှာပေလိမ့်မည်။ မီးစကို ကန့်လန့်အနေအထားဖြင့် မြန်မြန်ရမ်းလျှင် မီးတန်းကြီးတစ်ဆက်တည်း မြင်ရထင်ရသကဲ့သို့ နိမိတ်ကြီး ဆက်လာပေလိမ့်မည်။ Last Updated (Monday, 15 February 2010 12:49)
နိမိတ်စားရပုံ နည်းတစ်နည်းကို ဆက်လက် ပြဆိုပါအုံးမည်။ အလျားကန့်လန့်စားနည်းဟု ခေါ်ပါသည်။ ပြဆိုခဲ့ပြီးသောနည်းမှာ အထက်နှင့်အောက် မုန့်ထောင်းသလို တိုက်ဖျက်ရသောကြောင့် ဒေါင်လိုက်စားနည်းဟု ခေါ်သည်။ အခုစားနည်းမှာ ကန့်လန့်လွှဆွဲသကဲ့သို့သော စားနည်းဖြစ်လေသည်။ ဤမျှသာထူးပါသည်။ အကျိုးသဘောကား အတူတူပင် ဖြစ်ပါသည်။
ဖော်ပြပါ နံပါတ် ၂၇-ပုံသည် ကန့်လန့်နိမိတ်စားရန် နားတစ်ဖက်မှ မှုတ်သောထွက်လေနှင့် နိမိတ်ထုတ်ထားရပုံကို ပြသထားခြင်းဖြစ်ပါသည်။ ထုတ်ပုံမှာ မှုတ်သောလေနှင့် ငါ၏နားတစ်ဖက်မှ အတုတ်လက်ညှိုးခန့်၊ အရှည် ၆-တောင်ခန့် လင်းလင်းနှင့် အဖျားညီညီထုတ်၍ ထားအံ့။ ထိုကဲ့သို့ ထုတ်လိုက်လျှင် ဖန်မီးချောင်းကြီး ခလုတ်ကို ဖွင့်ထားလိုက်သကဲ့သို့ လင်းခနဲ ပေါ်ထွက်လာပေလိမ့်မည်။ ပေါ်သည်ဆိုသော်လည်း ဦးစွာ စိတ်က ညွှတ်၍ ပေါ်ပေးရသည်။ စိတ်မညွှတ်ဘဲ နိမိတ်သက်သက်ကိုသာ အပြေးအပြန်စသည်ဖြင့် နိမိတ်ကစားလျှင် မရနိုင်ဟု အချို့ယောဂီများ ထင်မြင်နေတတ်ကြသည်။ Last Updated (Monday, 18 January 2010 05:21)
|










