|
ဤအဆင့်တွင် မဏ္ဍလ(သက်ရောက်ပုံ ရပ်ဝန်း)သုံးမျိုးနှင့် သြဓိသုံးမျိုးကိုလည်း သိသင့်ပါသည်။ ၎င်းတို့မှာ ၁။ မဏ္ဍလ ၂။ အဎ္ဋမဏ္ဍလနှင့် ၃။ မဟာမဏ္ဍလ တို့ဖြစ်ပါသည်။ သြဓိသုံးမျိုးမှာ ၁။ သြဓိ ၂။ အန္တောဓိနှင့် ၃။ အနန္တောဓိ တို့ဖြစ်ပါသည်။ အထက်တွင် ဖော်ပြခဲ့သော ဥပဋ္ဌာနသုံးမျိုးလုံးသို့ရောက်အောင် အားထုတ်နိုင်သော ယောဂီသည် မဏ္ဍလ၊ သြဓိ ဘာဝနာရှင်မည်ပါသည်။ ကျန်မဏ္ဍလနှစ်မျိုးနှင့် သြဓိနှစ်မျိုးကို နောက်ပိုင်းတွင် ပုံနှင့်တကွ ဖော်ပြသွားပါမည်။ Last Updated (Tuesday, 09 March 2010 05:37)
အထက်ပါ အားထုတ်နည်းတို့ကို သဘောပိုင်အောင် ဥပမာဖြင့် ပြဆိုပါဦးမည်။ သံပြားတစ်ချပ်တွင် လူရုပ်ပုံရေးထားပြီး ချက်နေရာတွင် (၃)လက်မခန့်အပေါက်ဝိုင်းတစ်ခု၊ ရင်ဘတ်အလယ်ကလည်း တစ်ခု၊ နှာခေါင်းပေါက်တည့်တည့်တွင် တစ်ခု သုံးပေါက် ဖောက်ထားပါ။ ပြီးလျှင် ကျောဘက်မှ မီးသီးတစ်လုံးကို အပေါက်များနှင့်တည့်တည့်ချိန်ပြီး ဖြည်းဖြည်းချင်း လျှောချပါ။ နှာခေါင်းပေါက်တည့်တည့်ရောက်လျှင် မိမိကြည့်နေသောဘက်က မြင်ရပေလိမ့်မည်။ မည်သည့်အပေါက်တွင် ရောက်နေသနည်းဟု မေးလျှင် နှာသီးတည့်တည့်ရောက်နေသည်ဟု ဖြေပေလိမ့်မည်။ ဆက်ပြီးလျှောချလျှင် ရင်ဘက်အပေါက်တည့်တည့်ရောက်လျှင် လင်းခနဲ မြင်ရပေလိမ့်မည်။ ဆက်ပြီးလျှောချလာသောအခါ ချက်ပေါက်တည့်တည့်သို့ရောက်သောအခါ လင်းခနဲ တစ်ခါမြင်ရပေလိမ့်မည်။ ထို့အတူပင် အလင်းနိမိတ် အစနှာသီးဖျား၊ အလယ်ရင်ဘက်နှင့် အဆုံးချက်သုံးဌာနလုံး ထင်ရှားလာအောင် အားထုတ်ရပါလိမ့်မည်။ အားထုတ်ခါစတွင် အခက်အခဲရှိနိုင်သော်လည်း အရှုကျင်လည်သွားသောအခါ လွယ်ကူစွာ ရှုမှတ်နိုင်ပါလိမ့်မည်။ Last Updated (Monday, 01 March 2010 11:23)
ခန္ဓာကိုယ်ပြင်ပအားဖြင့် နိမိတ်စားရခြင်း၊ အာရုံနိမိတ်အဆုံးအပိုင်းအခြားမရှိ လွှတ်ရခြင်းဟူသော ဗဟိဒ္ဓသုံးချက်ရှုနည်းများကို သိရှိခဲ့ရပြီးဖြစ်သည်။ ယခုအခါ အဇ္ဈတ္တအတွင်းသက်သက်အားဖြင့် သုံးချက်ရပုံ၊ ပဋိဘာဂနိမိတ်သွင်းထုတ်ရပုံကို ပြဆိုပါဦးမည်။ အထက်တွင်ဖော်ပြထားသော နံပါတ် ၃၅-ပုံသည် ယောဂီ၏နိမိတ်ကို အဇ္ဈတ္တဖြစ်သော မိမိ၏၀မ်းခေါင်းအတွင်းသို့ သွင်းရန်ပြသထားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် အစအလယ်အဆုံးသတ်မှတ်ထားသောလေတို့၏ သက်ချည်တက်ချည်ဖြစ်နေပုံကို ပြသထားခြင်း ဖြစ်ပါသည်။ နံပါတ် ၁၇-တွင်ပြသထားသကဲ့သို့ပင် ဖြစ်သည်။ ဤ၌ ထူးသည်မှာ မှုတ်သောလေနှင့် မိမိ၏ငယ်ထိပ်မှ အတုတ်လက်ညှိုးခန့်၊ အရှည် ၆-တောင်ခန့်မှတ်ပြီး ထုတ်ရမည်။ ပြီးလျှင် အလွန်လင်းအောင် ပြုလုပ်ရမည်။ အကျယ်ချဲ့ပြောရန် လိုတော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရှိုက်သောလေနှင့် ၀မ်းဗိုက်အတွင်းသို့ ရှုသွင်းရန်ဖြစ်သောကြောင့် ဖြစ်ပါသည်။ Last Updated (Sunday, 31 January 2010 14:12)
|









