|
အထင်နှစ်မျိုး အဿာသပဿာသ (ထွက်လေ၀င်လေ)တို့အပေါင်းအစုဟူသော အလင်းပဋိဘာဂအကြည့်ဓာတ်ကို အာရုံပြု၍ ပွားရသော ဘာဝနာသည် ဥပစာရဘာဝနာမည်၏။ ထိုပဋိဘာဂ၌တည်သော သမာဓိသည်လည်း ဥပစာရသမာဓိမည်ပေ၏။ ပထမဈာန်၊ ဒုတိယဈာန်၊ အပ္ပနာဈာန်တို့၏ ၀ိက္ခမ္ဘနနယ်၌ ပါဝင်လာပြီဖြစ်သောကြောင့် ဥပစာရဈာန်ဟု ခေါ်ဆိုရလေသည်။
Last Updated (Friday, 19 March 2010 10:08)
သတိမြဲအောင် အားထုတ်ခဲ့ရသော ပထမအဆင့်၊ ထွက်လေ၀င်လေတို့ကို အတိုအရှည်အားဖြင့် ရှုမှတ်ရခြင်း သို့မဟုတ် ရရှိပြီးသောအလင်းနိမိတ်ကို အနီးအဝေးပြေးစေပြန်စေရခြင်းဟူသော ဒုတိယအဆင့်၊ လောင်ကျွမ်းထားသော အလင်းတုံး၊ ဖန်တုံးကြီးများပမာ ခန္ဓာကိုယ်တစ်ခုလုံးကို အလင်းကလာပ်ချည်းသာ ဖြစ်စေအောင် နိမိတ်စားရခြင်း သို့မဟုတ် သုံးချက်သိအားထုတ်ရခြင်းဟူသော တတိယအဆင့်တို့ကား ပြီးပြည့်စုံခဲ့လေပြီ။ ယခုအခါတွင် ရုန့်ရင်းကြမ်းတမ်းသော ငါ၏ ထွက်လေ၀င်လေတို့ကို ငြိမ်းပျောက်သွားစေရန် သို့မဟုတ် နူးညံ့သိမ်မွေ့အောင် အားထုတ်ရခြင်း စတုတ္ထအဆင့်ကို ပြဆိုပါအုံးမည်။
Last Updated (Sunday, 14 March 2010 06:40)
ဤအဆင့်တွင် မဏ္ဍလ(သက်ရောက်ပုံ ရပ်ဝန်း)သုံးမျိုးနှင့် သြဓိသုံးမျိုးကိုလည်း သိသင့်ပါသည်။ ၎င်းတို့မှာ ၁။ မဏ္ဍလ ၂။ အဎ္ဋမဏ္ဍလနှင့် ၃။ မဟာမဏ္ဍလ တို့ဖြစ်ပါသည်။ သြဓိသုံးမျိုးမှာ ၁။ သြဓိ ၂။ အန္တောဓိနှင့် ၃။ အနန္တောဓိ တို့ဖြစ်ပါသည်။ အထက်တွင် ဖော်ပြခဲ့သော ဥပဋ္ဌာနသုံးမျိုးလုံးသို့ရောက်အောင် အားထုတ်နိုင်သော ယောဂီသည် မဏ္ဍလ၊ သြဓိ ဘာဝနာရှင်မည်ပါသည်။ ကျန်မဏ္ဍလနှစ်မျိုးနှင့် သြဓိနှစ်မျိုးကို နောက်ပိုင်းတွင် ပုံနှင့်တကွ ဖော်ပြသွားပါမည်။ Last Updated (Tuesday, 09 March 2010 05:37)
|








